နန်းလှဝင်း

နန်းလှဝင်း

မင်္ဂလာပါ ကျွန်မအတ္ထုပ္ပတ္တိစာမျက်နှာမှ ကြိုဆိုပါတယ်

ကျွန်မအကြောင်း

မင်္ဂလာပါ။ ကျွန်မနာမည်က နန်းလှဝင်းပါ။ လှိုင်းဘွဲမြို့နယ်၊ ကော့ဝန်းကျေးရွာမှာနေထိုင်ပြီး တောင်ကလေး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက အထက်တန်းကျောင်းသူတစ်ယောက်ပါ။ စာရေးတာ၊ စာဖတ်တာ၊ ပွဲစီစဉ်တာတွေကို အရမ်းဝါသနာပါပါတယ်။ လှုမှု‌ရေးဘက်မှာလည်း စိတ်ပါဝင်စားသူတစ်ဦးဖြစ်ပါတယ်။

ဝါသနာများ

စာရေးခြင်း

ကဗျာ၊ ဝတ္ထုတိုများ၊ အက်ဆေးများ ရေးသားရတာ ကြိုက်နှစ်သက်ပါတယ်။

စာဖတ်ခြင်း

စာပေအမျိုးမျိုးကို ဖတ်ရှုလေ့လာရတာ ဝါသနာပါပါတယ်။

ပွဲစီစဉ်ခြင်း

ကျောင်းပွဲလမ်းသဘင်များ စီစဉ်ရတာကို နှစ်သက်ပါတယ်။

ကျောင်း

တောင်ကလေးဗုဒ္ဓကောလိပ်

တောင်ကလေးဗုဒ္ဓကောလိပ်သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တည်ရှိပြီး၊ ဗုဒ္ဓဘာသာ၏ ရှေးဟောင်းပညာများနှင့် ခေတ်သစ်သိပ္ပံပညာများကို ပေါင်းစပ်သင်ကြားပေးသော သင်တန်းကျောင်းတစ်ခုဖြစ်သည်။ နှစ်နှစ်ကြာသင်တန်းအစီအစဉ်တွင် အဘိဓမ္မာ၊ ဝိနည်း၊ သုတ္တန် နှင့် အရှေ့ပိုးကရင်ဘာသာစကားသင်ကြားမှုအပြင် သင်္ချာ၊ အင်္ဂလိပ်၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဗုဒ္ဓသဘောအယူအဆနှင့် ဗုဒ္ဓယဉ်ကျေးမှုတို့ကိုပါ အထူးပြုသင်ကြားပေးသည်။ ကျောင်း၏ မျှော်မှန်းချက်မှာ "The Fruition of Holy Path Surpasses all" ဟု ဆိုသည့် စကားပုံဖြင့် ဖော်ပြထားပြီး၊ ဗုဒ္ဓပညာနှင့် သိပ္ပံပညာတို့ကို ပေါင်းစပ်သင်ကြားခြင်းဖြင့် ကျောင်းသားများအား စိတ်ပိုင်းဆိုင်ရာနှင့် ပညာရေးပိုင်းဆိုင်ရာ အရည်အချင်းများ တိုးတက်စေရန် ရည်ရွယ်သည်။

ဆုတံဆိပ်နှင့် အောင်လက်မှတ်များ

စာပေပြိုင်ပွဲဆု (၂၀၂၃)

ပါဠိကေတု၊ သုတမယတန်း၊ ဓမ္မဂဝေသီတန်း၊ အဘိမ္မာရိုးရိုး-ပထမဆင့်၊ ဒုတိယဆင့်၊ ကရင်စာပေ၊ ယဉ်ကျေးလိမ္မာသင်တန်း၊ သုကုမာရမဂ္ဂဒီပနီ၊ သီလရှင်ကျင့်ဝတ်သိက္ခာတန်း၊

မတ်လ ၂၀၂၃

အင်္ဂလိပ်စာစွမ်းရည်အောင်လက်မှတ်

Cambridge English Entry Level Certificate (Grade B)

ဇန်နဝါရီ ၂၀၂၃

ကျောင်းသားထူးဆု

Grade-4 လူရည်ချွန်ဆု

ဒီဇင်ဘာ ၂၀၂၂

ပွဲစီစဉ်မှုဆိုင်ရာအောင်လက်မှတ်

ကရင်ပြည်နယ်လူငယ်အစည်းအရုံးမှ ပေးအပ်သော ပွဲစီစဉ်မှုသင်တန်းအောင်လက်မှတ်

ဩဂုတ် ၂၀၂၂
ကျွန်မ၏စာပိုဒ်များ

ကျွန်မ၏စာပိုဒ်

16.5.2025 ဓမ္မပဒ(Dhammapada)

ဒဏ္ဍဝဂ္ဂ-ဒဏ်(PUNISHMENT)

(၁၃၇) သူတော်ကောင်းစသောဘုရား၊ ရဟန္တာပုဂ္ဂိုဟ်တွေကိုမပြစ်မှားပါနဲ့၊ ပြစ်မှားသောပုဂ္ဂိုဟ်တွေဟာ ဒဏ်ဆယ်ပါးဆိုသော ပြစ်ဒဏ်များ ခံစားရလိမ့်မည်။ ထိုဒဏ်ဆယ်ပါးမှာ- ၁။ ဖရုသဝေဒနာ - ကြမ်းတမ်းစွာ ဦးခေါင်းနာစသည် ကပ်ရောက်ခြင်း။ ၂။ ဟာနိ - စည်းစိမ်စသည် ဆုတ်ယုတ်ပျက်စီးဆုံးပါးခြင်း။ ၃။ သရီရဘေဒန - လက်ခြေပြတ်ခြင်း။ ကိုယ်အင်္ဂါပျက်စီးခြင်း။ ၄။ ဂရုကာဗာဓ - ဆေးကု၍မရ၊ ကြီးလေးစွာသောအနာကပ်ရောက်ခြင်း။ ၅။ စိတ္တက္ခပေ - ရူးသွပ်ခြင်း၊ စိတ်ပျံ့လေလွင့်ခြင်း။ ၆။ ရာဇူပသဂ္ဂ - မင်းဘေးမင်းဒဏ်သင့်ခြင်း။ ၇။ ဒါရုဏဗ္ဘက္ခါန - ရုန့်ကြမ်းစွာ စွပ်စွဲခံရခြင်း။ ၈။ ညာတိပရိက္ခယ - ဆွေမျိုးပြုန်းတီးပျက်စီးခြင်း ၉။ ဘောဂပတင်္ဂု - စည်းစိမ်အခြွေအရံပျက်စီးခြင်း။ ၁၀။ အာဂါရဂ္ဂိဒုယှန - နေရာ၊ တိုက်၊ အိမ်၊ အဆောက်အဦးကို မီးသင့်လာင်ကျွမ်းခြင်း။ (137) Avoid committing sins against the virtuous arahants, as those who transgress may face tenfold punishments. **The Ten Punishments** **The Ten Punishments:** As stated in the Apadana, Sutta 271, Dhammapada, Sutta, Volume I, page 115, and in the second volume, page 44, the ten severe punishments resulting from offenses against one's benefactor, also known as the ten great debts, are described in detail. 1. **Physical Suffering:** Experiencing severe headaches and other intense pains. 2. **Loss of Wealth:** Suffering the depletion and destruction of wealth and possessions. 3. **Bodily Harm:** Loss of limbs and destruction of bodily parts. 4. **Incurable Diseases:** Being afflicted with serious and incurable diseases. 5. **Mental Derangement:** Experiencing insanity or severe mental disturbances. 6. **Royal Punishment:** Facing the wrath and punishment of the king. 7. **Severe Accusation:** Being falsely accused and harshly criticized. 8. **Destruction of Relatives:** The ruin and destruction of one's relatives. 9. **Loss of Prosperity:** The collapse of wealth and prosperity. 10. **House Fire:** The burning down of one's house, buildings, and property.

ကျွန်မ၏ YouTube Videos

ကျွန်မ၏ ပထမဆုံး video

ဒီ video လေးမှာတော့ ကျွန်မရဲ့ နေ့စဉ်ဘဝအကြောင်း မျှဝေထားပါတယ်။